G-M4il :myanmar0boy@gmail.com
Facebook : www.facebook.com/kochartape

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ကြေညာခြင်း

Saturday, March 23, 2013


http://myawady.com.mm/media/k2/items/cache/4bc47e515e387e38af29b0a7de087e01_XL.jpg

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည် သော အမိန့်အမှတ် (၁/၂၀၁၃)ကို ယနေ့ ရက်စွဲဖြင့်  ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့် အစုံ မှာ အောက်ပါအတိုင်းဖြစ်သည်-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမှတ် (၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း၁၁ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ၂၂ရက်)
အရေးပေါ်အခြေအနေကြေညာခြင်း
၁။ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်း စွာနေထိုင် နိုင်ရေး အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှု များမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ေ ဆာင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ  မိတ္ထီလာ မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း များကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည် ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ် များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။
၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီ ကို ရယူ ဆောင်ရွက်ရမည်။
၎။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည် ဖြစ်သည်။
၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

(ပုံ) သိန်းစိန်            
နိုင်ငံတော်သမ္မတ         
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Share this article :

Similiar Templates

No comments:

Post a Comment

 
Support : Creating Website | MSYS Template | Char Tape Template
Copyright © 2014. Min Soe Yar Sar - All Rights Reserved
Template Created by Creating Website Published by Net Char Tape
Proudly powered by Blogger